18/Feb/2009

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း တိုနီဘလဲသည် ကမ္ဘာ့နိုင်ငံရေးဇာတ်ခုံ၌ ထူးချွန်ပြောင်မြောက်စွာ ဦးဆောင်
နိုင်မှုအတွက် ဒေါ်လာ ၁ သန်းဆုချီးမြှင့်ခံခဲ့ရကြောင်း သိရှိရသည်။ အရှေ့အလယ်ပိုင်း ဆိုင်ရာ ငြိမ်းချမ်းရေးသံတ
မန်အဖြစ် လတ်တလောတာဝန်ထမ်းဆောင်နေသော မစ္စတာ ဘလဲသည်အဆိုပါဒေါ်လာ ၁သန်းတန် Dan David
ဆုကို အစ္စရေးနိုင်ငံ တဲလ်အဗစ်တက္ကသိုလ်၌ လာမည့်မေလတွင် လက်ခံရယူမည်ဖြစ်သည်။ ပဋိပက္ခဖြစ်ပွားမှုအား
ထိုးထွင်းဥာဏ်ရှိမှု၊ ပါးနပ်လိမ္မာမှုနှင့် ဆုံးဖြတ်ချက်ပိုင်နိုင်ခဲ့သော မစ္စတာ ဘလဲ၏ စွမ်းဆောင်ရည်ကိုမှတ်ကျောက်
တင်သည့်အနေဖြင့် ယင်းဆုကို ချီးမြှင့်ရခြင်းဖြစ်ကြောင်း Dan David ဆုရွေးချယ်ရေး ကော်မတီကဆိုသည်။
Rest of your post
No comments:
Post a Comment