Wednesday, February 11, 2009

ကြည်ဖြူသျှင်ကြောင့်အမျိုးသမီးသရုပ်ဆောင်များကိုလက်စားချေ

ယတြာချေတာ လုပြောများလို့ ငလိန် အကွက်ဆင်တာလော

All Road Film Festival ဆုရအမျိုးသမီးဒါ ရိုက်တာကြည်ဖြုသျှင်

ရေးသူ..ခင်ဆွေဦးကို


မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲဉ်အမျိုးသမီးများကိုထူးချွန်ဆုမချီးမြှင့်ခြင်းမှာ အောက်တိုဘာလက အမေရိကန်ဉ်ကျင်းပခဲ့သည့် Discovery ရုပ်သံချယ် နယ်၏ All Road Film Festival ဉ်မြန်မာအမျိုးသမီးရုပ်ရှင်ဒါရိုက်တာတစ် ယောက်ဖြစ်သော ကြည်ဖြူသျှင်ကို ထူးချွန်ဆုပေးအပ်ချီးမြှင့်ခဲ့သည့် အတွက်ထိုကဲ့သို့ တန်ပြန်ပြုမူဆောင်ရွက်ခြင်းဖြစ်သည်ဟု ပြန်ကြားရေး

ဝန်ကြီးဖြစ်သူ ဗိုလ်ချုပ်ကျော်ဆန်းနှင့် နီးစပ်သည့်စာနယ်ဇင်းဆရာတစ် ယောက်ဆီ မှသတင်းရရှိသည်။

“တော်တော်များများကယတြာလို့ ထင်ကြတယ်လေ၊ တကယ်ကကြည်ဖြုသျှင် ဆုရတဲ့အပေါ်မှာ မကျေမနပ်ဖြစ်နေကြတာ၊Feel ဖြစ်နေတာပေါ့ နိုင်ငံတကာ သတင်းတွေမှာလည်း Sketch Of Wathone ဆိုပြီးကြည်ဖြူသျှင်အကြောင်း ဖေါ်ပြကြတယ်…သူတို့ ကအမေကျော်ပြီးဒွေးတော်လွမ်းရမလား ဆို ပြီး လက်
စားပြန်ချေတယ်သ ဘောပေါ့ ”ဟုသူက Freedom News Group သို့ ပြောသည်။

ရုပ်ရှင်သရုပ်ဆောင်များနှင့်ထိတွေ့ ဆက်ဆံမှုရှိသည့် စာနယ်ဇင်းဆရာတစ်ဦး ကမူ ”နင်တို့ နိုင်ငံတကာဆုတွေဒီလောက်မက်နေ ရင်ယူကြတော့ဟေ့ ငါတို့  တော့ဘာဆုမှ မပေးနိုင် ဘူး” ဆိုသည့် သဘောဟုသူ့ ထင်မြင်ချက်ကိုပြောဆို ခဲ့သည်။

“အမျိုးသမီးသရုပ်ဆောင် တစ်ဦးကမူနှစ်ခုစလုံးဖြစ်နှို်င်ပါတယ်။ယတြာချေတာ လည်းဖြစ်နိုင်တယ်။ ကြည်ဖြုသျှင်ကြောင့်ညစ်တာလည်းဖြစ်နိုင်တယ်”ဟုပြော သည်။

အကယ်ဒမီပေးပွဲနှင့်ပတ်သက်၍ရန်ကုန်တွင်သတင်းမျိုးစုံပေါ်ထွက်နေသည်။ ရုပ်ရှင်ဝါသနာအိုးတစ်ဦးဖြစ်သည့် အထက (၁)ဒဂုံမှကျောင်းဆရာမတစ်ဦးကမူ “ကြည်ဖြူသျှင်သူ့ဘာသာသူတော်လို့ရတာ သူတို့ က ဘာတွေမကျေမနပ်ဖြစ် နေရတာလဲမသိဘူး”ဟု အပြစ်တင်ခဲ့သည်။

http://longwalktofreedom.wordpress.com/2009/02/11/%E1%81%BE%E1%80%80%E1%80%8A%E1%80%B9%E1%81%BF%E1%80%96%E1%80%B4%E1%80%9E%E1%80%BD%E1%80%BA%E1%80%84%E1%80%B9%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7%E1%80%A1%E1%80%99%E1%80%BA/kpt/

No comments:

Post a Comment