12 January 2009
မြန်မာနိုင်ငံက နာဂစ်မုန်တိုင်း ဒုက္ခသည်တွေအတွက် နိုင်ငံတကာကပေးထားတဲ့ အလှူငွေတွေဟာ ဧပြီလအထိပဲ သုံးလို့လောက်မယ်လို့ အရှေ့တောင်အာရှ လူသားချင်း စာနာမှုဆိုင်ရာ သီးခြားလွတ်လပ်တဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားလိုက်ပါတယ်။ ကုလသမဂ္ဂ အဖွဲ့အစည်းတွေကတဆင့် မဟုတ်ဘဲ မြန်မာအစိုးရကို တိုက်ရိုက်ပေးလာ
တဲ့ အလှူငွေတွေကလည်း ရှိနေတော့ ဒီအလှူငွေတွေကို အကျိုးရှိရှိနဲ့ ထင်သာမြင်သာ ရှိအောင် သုံးဖို့လိုတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ် လီလီယန် ဖန်းက ပြောလိုက်ပါ တယ်။ မစ္စဖန်းနဲ့ ဆက်သွယ်မေးမြန်းထားတဲ့ ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက အပြည့်အစုံကို တင်ပြပေးထားပါတယ်။
နာဂစ်မုန်တိုင်း သဘာဝဘေးအန္တရာယ် ကျရောက်ပြီး ကယ်ဆယ်ရေးနဲ့ ပြန်လည်
ထူထောင်ရေးလုပ်ငန်းတွေကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးနေတဲ့ သက်ဆိုင်ရာ
တာဝန်ရှိသူတွေ၊ ကုလသမဂ္ဂနဲ့ အာဆီယံအသင်းကြီးရဲ့ အခန်းကဏ္ဍနဲ့ပတ်သက်ပြီး
အကဲခတ် ဆန်းစစ်ပေးနေရတဲ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ အခြေစိုက် လူလူချင်း
စာနာမှု မူဝါဒရေးရာ ပြန်လည်ထူထောင်ရေးနဲ့ စီမံကွပ်ကဲမှုရေးရာ သီးခြားလွတ်လပ်
တဲ့ အတိုင်ပင်ခံ အကြံပေးပုဂ္ဂိုလ် မစ္စ လီလီယန် ဖန်းကို ဆက်သွယ်မေးမြန်းခဲ့ပါတယ်။
နာဂစ်မုန်တိုင်းလွန်ကာလ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေအတွက် လောလော
ဆယ် ရန်ပုံငွေအခြေအနေနဲ့ပတ်သက်ပြီး မစ္စ လီလီယန် ဖန်းက အခုလိုပြောပါတယ်။
သူသိသလောက်တော့ ရန်ပုံငွေဟာ အခုလာမယ့် ဧပြီလအထိပဲ သုံးစွဲဖို့ ကျန်တော့တဲ့
အခြေအနေနဲ့ အေဂျင်စီအတော်များများ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်နိုင်ဖို့ ကြိုးစားနေကြပါတယ်။ အခု
လောလောဆယ် အလှူရှင်တွေနဲ့ လူမှုရေး ကယ်ဆယ်ရေး အေဂျင်စီတွေ ကြိုးစားနေ
ကြတာကတော့ ရန်ပုံငွေတွေကို ဘယ်လိုအသုံးပြုသလဲဆိုတာကို သေသေချာချာစိစစ်ဖို့
အဖွဲ့ ဖွဲ့စည်းရေးပါပဲ။ ဒီအချက်က အရေးကြီးတာမို့ အားလုံးပံ့ပိုးပေးဖို့ လိုတယ်လို့ သူက
ရှင်းပြသွားပါတယ်။
ပွန်ဂျာခေါ် နာဂစ်လွန်ကာလ ပူးတွဲအကဲခတ် လေ့လာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ
ချက်ချင်းလက်ငင်း ကယ်ဆယ်ရေးအလှူငွေ ဒေါ်လာ ၃၀၃.၆ သန်း လိုအပ်ကြောင်း
နိုင်ငံတကာကို မေတ္တာရပ်ခံခဲ့ပါတယ်။ ရှေ့လာမယ့်သုံးနှစ်အတွင်း ပြန်လည်ထူထောင်
ရေး လုပ်ငန်းတွေအတွက် ဒေါ်လာ သန်း ၁,၀၀၀ လိုအပ်တယ်လို့လည်း ဖော်ပြခဲ့ပါ
တယ်။
ပွန်ဂျာရဲ့ နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်အပြီး အလှူရှင်နိုင်ငံတွေက နိုင်ငံတကာ
ကယ်ဆယ်ရေး ၀န်ထမ်းတွေကို မုန်တိုင်းသင့်ဒေသတွေဆီ အရောက်သွားခွင့်ပေးရေး
တောင်းဆိုခဲ့ကြပါတယ်။ နိုင်ငံတကာ အလှူရှင်တွေက ကုလသမဂ္ဂရဲ့ စီမံခန့်ခွဲမှုနဲ့
ကယ်ဆယ်ရေးအလှူငွေတွေကို ပေးနေကြဖြစ်ပေမယ့် နိုင်ဂျီးရီးယားနိုင်ငံကတော့
ဒီဇင်ဘာလ ၂၃ ရက်နေ့က အမေရိကန်ဒေါ်လာ ၅၀၀,၀၀၀ ကို နိုင်ဂျီးရီးယားသံအမတ်
ကြီးကတဆင့် မြန်မာအမြဲတမ်းကိုယ်စားလှယ်ထံ တိုက်ရိုက်ပေးအပ်လိုက်ပြီး အဲဒီငွေ
တွေကို ဘယ်လိုအသုံးပြုမယ်ဆိုတာကိုလည်း ပြန်ပြီး အစီရင်ခံဖို့ မလိုဘူးလို့
နိုင်ဂျီးရီးယားနိုင်ငံက ပြောတဲ့အကြောင်း နယူးယောက်ခ်ကလာတဲ့ သတင်းတွေမှာ
ဖော်ပြထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်ပြီး မစ္စ လီလီယန် ဖန်းရဲ့ သုံးသပ်ချက်
ကတော့ …
“မြန်မာအစိုးရနဲ့ ပြည်သူတွေအတွက် မြန်မာသံအမတ်ကြီးကတဆင့် ပေးအပ်လိုက်တာ
ဟာ အလှူရှင် နိုင်ဂျီးရီးယားနိုင်ငံရဲ့ ဆန္ဒအရ ပေးပိုင်ခွင့်ရှိပါတယ်။ ဒါဟာ နိုင်ဂျီးရီးယား
နိုင်ငံရဲ့ သဘောပါပဲ။ မြန်မာလူထုကို နည်းအမျိုးမျိုးနဲ့ ပံ့ပိုးလို့ရပါတယ်။ ဒါပေမယ့်
ဘယ်ပုံဘယ်နည်း အသုံးပြုမှာလဲ ဆိုတာကိုတော့ စနစ်တကျ စီစဉ်ဖို့ လိုပါတယ်။
အနည်းဆုံး ဒီအလှူငွေတွေ ရည်ရွယ်ရင်း ရောက်မရောက် ဆိုတာကိုတော့ စိစစ်ရပါ
လိမ့်မယ်” လို့ မစ္စဖန်းက ပြောပြသွားပါတယ်။
နာဂစ်မုန်တိုင်းလွန်ကာလ ၉ လအကြာမှာ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေကို
သက်ဆိုင်သူတွေအားလုံး ပူးပေါင်းဆောင်ရွက်ဖို့ အရေးကြီးတယ်လို့ မစ္စ လီလီယန် ဖန်း
က ဆက်ပြောပါတယ်။
“နာဂစ်ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေဟာ တနှစ်၊ နှစ်နှစ်နဲ့ ပြီးဆုံးသွားမယ်လို့
မယူဆစေချင်ပါဘူး။ အခု ၉ လ ကြာလာတဲ့အထိ ရရှိခဲ့တဲ့ အောင်မြင်မှုတွေဟာ
ကယ်ဆယ်ရေးအေဂျင်စီတွေ မှန်းထားတာထက် ကျော်လွန်နေတယ်” လို့လည်း
မစ္စဖန်းက ပြောပြသွားပါတယ်။
အင်ဒိုနီးရှားနိုင်ငံ အာချေးပြည်နယ်မှာ ဆူနာမီဒီရေလှိုင်းဒဏ် အလူးအလဲ ခံခဲ့ရပြီး
နောက် မစ္စ လီလီယန် ဖန်းဟာ ပြန်လည်ထူထောင်ရေးနဲ့ လူမှုရေးလုပ်ငန်းတွေအတွက်
သုံးနှစ်ကြာ သွားရောက်တာဝန်ယူခဲ့ဖူးပါတယ်။ အနှစ် ၃၀ ကြာ လူမျိုးရေးပဋိပက္ခတွေ
ကြောင့် အာချေးပြည်နယ်မှာ အင်ဒိုနီးရှားအစိုးရနဲ့ ဒေသခံတွေ မပြေမလည် ဖြစ်ခဲ့ကြ
ပေမယ့် တကယ်တမ်း လူထုအတွက် အရေးကြီးလာတဲ့အခါ ကယ်ဆယ်ရေးလုပ်ငန်း
တွေအတွက် ပူးပေါင်းဆောင်ရွက်နိုင်ခဲ့တဲ့ အစဉ်အလာကို သုံးသပ်ပြပြီး မြန်မာနိုင်ငံ
နာဂစ်မုန်တိုင်းအပြီး ကယ်ဆယ်ရေးဝန်ထမ်းတွေ ကသိကအောက်ဖြစ်ခဲ့ရတဲ့ အတွေ့
အကြုံနဲ့ နှိုင်းယှဉ်ပြောပြသွားပါတယ်။
နာဂစ်မုန်တိုင်းလွန်ကာလ နိုင်ငံတကာ လူလူချင်းစာနာမှု အသိုင်းအ၀ိုင်းနဲ့ မြန်မာနိုင်ငံ
အကြား အာဆီယံရဲ့ ကြိုးစား ကြားဝင်ဆောင်ရွက်ပေးမှု အခန်းကဏ္ဍနဲ့ ပတ်သက်လို့
တော့ သင်ခန်းစာတွေ အများကြီးရသလို အခွင့်အလမ်းတွေလည်း အများကြီးရရှိသွား
တယ်လို့ မစ္စ လီလီယန် ဖန်းက သုံးသပ်သွားပါတယ်။
Monday, January 12, 2009
နာဂစ် နိုင်ငံတကာ အကူအညီများ ဧပြီလအလွန် ပြတ်လပ်ဖွယ်ရှိ
Subscribe to:
Post Comments (Atom)
ယခင် သတင်းများ ဖတ်ရန်
-
▼
2009
(4093)
-
▼
January
(451)
- အကြောက်တရားမှကင်းလွတ်ခြင်း (Freedom from fear)
- နှစ် (၆၀) ပြည့် ကရင့်တော်လှန်ရေးနေ့အခမ်းအနား ကျင်းပ
- Burma VJ ရုပ်ရှင်ကား နမူနာ
- မြန်မာပြည်ကာကွယ်မည် တပ်မတော်ညာနေသည်
- NLD ၏ထုတ်ပြန်ကျေငြာချက်အား ထောက်ခံဆန္ဒပြပွဲ ဖိတ်ကြာ...
- On 6 February 2009, the United Nations Postal Admi...
- အာဏာရှင်ရဲ့ဖိနှိပ်မှုကို မိသားစုလိုက် ခံစားနေရတဲ့ ...
- 8888 People Power News Bulletin ဖေဖေါ်ဝါရီ စာစောင်
- လူထုကို ခေါင်းဆောင်မယ့်သူတွေဟာ လူထုကိုနားလည်ရမယ်
- ဘင်္ဂလာဒေ့ရှ် နှင့် ထိုင်းနိုင်ငံကို သတိထားစောင့်ကြည...
- ဂမ်ဘာရီ မြန်မာနိုင်ငံသို့ ထပ်မံရောက်ရှိလာ
- Voice of Burma စာစောင်
- ဝန်ကြီးများ၏ ညီလာခံ ဖလားလုပွဲ အဖြစ်သနစ်မှန် ဖြေရှ...
- အုပ်ချုပ်သူ သောက်သုံးမကျလို ကိုယ့်လူတွေ လူကုန်တွေ ...
- ကလိမ်ကကျစ် အေးလွင်..
- နအဖ စစ်တပ် က မုဒိန်းကျင့်၊ လူသတ်၊ ဒါးမြတိုက် ဒါတွေ...
- ငတ်သေတော့မဲ့ မသာ ပေါတော့မဲ့ ရွှေမြေ..နအဖတွေ ဘာလုပ်ေ...
- မြန်မာနိုင်ငံ တိုင်းရင်းသားမျိုးနွယ်စုများ
- မောင်တောတွင် ဗမာလူငယ် ၃ ဦး စစ်ယူနီဖေါင်းနှင့် အတူ...
- DKBA တပ်ရင်း (999) လုံခြုံရေးဖြင့် လူလတ်ပိုင်းနှစ်...
- ဗာမာစစ်အစိုးရသည် လေကြောင်းကာကွယ်ရေးစနစ်အတွက် လက်နက...
- ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော
- အမျိုးသမီး ၇ ဦးကို လူကုန်ကူးသည်ဟု စွပ်စွဲကာ ဓာတ်ပ...
- (မေ ၃၀) ဒီပဲယင်း လုပ်ကြံမှု ကြီး (၆၈)လ ပြည့် ၀မ်း...
- အကြွင်းမဲ့ ဥဿုံ ထောက်ခံပါသည်။
- စုလွတ်မြောက်ရေး လူထုအားနဲ့ထောက်ခံဖို့ အန်အယ်လ်ဒီ တ...
- ရွေးကောက်ပွဲကို မွန်နိုင်ငံရေးပါတီကြီးများ မထောက်ခ...
- Rohingya victims of abuse speak out - 29 Jan 09
- လေးစား ဂုဏ်ယူမိပါသည်..
- CHAIN Than Shwe
- ကရင် အမျိုးသားတော်လှန်ရေး..နှစ် ၆၀ အတွက် ဂုဏ်ပြု သ...
- NLD Statement for Free DASSK and all political pri...
- သူခိုးပြေးမှ ထိုးကွင်းထတယ်ဆိုတာ ဒါမျိုးပေါ့
- ရခိုင်ပြည်နယ်မှ ထွက်ရှိသော သဘာဝဓါတ်ငွေ့ တရုတ်ပြည်သ...
- ထူး မခြားနား နိုင်ငံရေး ပွဲစားများ
-ှရှက်ဖွယ်လိလိ..အာဏာ မျက်နှာကြည့်သော အာဏာမရှိသေးသည်...
- အသံတွေ ကြားနေရတယ်...အဟက်..အဟက်
- ၂ဝဝ၉ နဲ့ မြန်မာ့စီးပွားရေး အကြပ်အတည်း
- ဖမ်းဆီးခံ ရိုဟင်ဂျာဒုက္ခသည်တွေနဲ့ ကုလ တွေ့ခွင့်ရပြီ
- ဒိန်းမတ်ဝန်ကြီး မြန်မာခရီးစဉ်
- HIV/AIDS ဝေဒနာသည်များကို ရန်ကုန်မြို့မှ နှင်ထုတ်
- အေရှားဝေါလ်ဆိပ်ကမ်းတွင် ဘိန်းဖြူ (၃၈) ကီလို ဖမ်းမိ
- International Community's Concern on Rohingya Refu...
- Surviving fishermen to return to Burma
- Rohingyas claim Myanmar troop abuse - 27 Jan 09
- 60th Anniversary of Karen's Revolution Day
- CHANGE BURMA
- ငတ်နေကြပြီ..စိန်ကခုထိ မက်တုန်းလား
- Refugees in Thailand convicted
- မြန်မာ့ ကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၉၁)
- ကျုပ် ကအောင်ဆန်း ပါ။
- ဇန္နဝါရီ ၂၈ ၂၀၀၉ သတင်း
- ANC Statement on Global Day of Action in Protest o...
- ဘာတွေ အဝေမတည့် ကြပြန်ပြီလည်း.
- လောင်စာဆီ ထွက်မထွက်တော့ မသိ..စားရင်တော့ အသက်ထွက်မဲ...
- ရိုဟင်ဂျာဒုက္ခသည်များ နိုင်ငံမှ ထွက်ခွာရန် ထိုင်းတရ...
- မယ်လစခန်းကို ထိုင်းအာဏာပိုင် ရှောင်တခင် ၀င်ရောက် ...
- ၂၀၁၀ ရွေးကောက်ပွဲကိစ္စ အန်န်အယ်လ်ဒီ ဂမ်ဘာရီနဲ့ ဆွေး...
- မင်္ဂလာရှိသော မေမေ
- သျှမ်းအရှေ့ထွက် ကျောက်မီးသွေး ထိုင်းကုမ္ပဏီတူးခွင့်...
- အယ်လ်ကေဒါးတို့ ဗြိတိန်နိုင်ငံကို ပစ်မှတ်ထားလာဖွယ်
- ယမန်နေ့ ညနေက နေကြတ် (နေကြတ်ခြင်းသည် အတိတ်နမိတ်မကော...
- နအဖမှ စစ်လေယဉ်ကွင်း အသစ်တခု ရခိုင်ပြည်နယ် မြောက်ပိ...
- နမ္မတူတွင် စစ်သားခွဲတမ်းချ
- အိုဘားမား မိန့်ခွန်းအပြည့်အစုံ ဖော်ပြခွင့် မရ
- ရိုဟင်ဂျာအရေး ဒေသတွင်း ဆွေးနွေးပွဲခေါ်ဖို့ ထိုင်းဝန...
- မီးသတ်အဖွဲ့ရဲ့အားနည်းချက်ကြောင့် အဆုံးအရှုံးများပြား
- ရိုဟင်ဂျာကိစ္စ မြန်မာ ကူညီမည်
- မြန်မာပြည်မှ ဒုက္ခသည် ရာပေါင်းများစွာ လှေပေါ်တင်ပြီး...
- နအဖ စစ်ဘက်ရေးရာလုံခြုံရေးအရာရှိနှင့် အဖွဲ့ ၀ ဒေသအတ...
- ဂျောက်ဂျက်ဂယက် -အမျိုးသမီးများ၏ အသံ
- ရိုဟင်ဂျာတွေ ထိုင်းစစ်တပ် မောင်းထုတ်ပုံ သတင်းမှတ်တ...
- နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ပထမဆုံးအမှု စတင်စစ်ဆေး
- ဇန္နဝါရီ ၂၆ ရက်၂၀၀၉ သတင်း
- 100th Anniversary U Thant
- ဗူးပေါ်သလိုပေါ်လာပြီ..
- မြန်မာလူရည်ချွန်သုံးဦး ရာပြည့်
- ၂၀၀၉ မြန်မာ့စီးပွားရေးအကျပ်အတည်းနှင့် လူထုအုံကြွမှု
- Please! Share love to the children of Myanmar
- ရဲဘော်တစ်ဦးရဲ့ ပေးစာ
- ဂါဇာတိုက်ပွဲဝင်စစ်သားများကို ဥပဒေကြောင်းအရ အစ္စရေးက...
- နအဖ အစဉ်သွေးခွဲသော်လည်း သွေးမကွဲသော ပြည်ထောင်စုသား...
- ဘာလင်-မြန်မာသံရုံး လွတ်လပ်ရေးဧည့်ခံပွဲ နာဇီအမျိုးသ...
- Celebrating U Thant's Centennial Anniversary (VOA ...
- တော်လှန်ရေး ဆိုသည်မှာ
- အဖေ ပြောခဲ့တဲ့ စကား..
- ဦးဝင်းတင်ပြောတဲ့ ဦးသန့်
- U Thant at the United Nations
- ဖိတ်ပါတယ် စုပေါင်းအလှူပွဲ
- အတုမလို..အစစ်ဘဲလိုတယ်..
- အသစ်ဘယ်လိုကောင်းကောင်း..အဟောင်းတလည်လည်..
- ဇန္နဝါရီ ၂၃ ၂၀၀၉ သတင်း
- ဦးသုမင်္ဂလ၏ တရားတော် များ download လုပ်လိုပါက
- ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ကလေးငယ်များရဲ့ဘဝ
- Rohingya migrants claim Thai abuses - 24 Jan 09
- ကြက် ဌက်တုတ်ကွေး ရောဂါအကြောင်းသိကောင်းစရာ
- ဆရာကြီးမင်းသုဝဏ် နှစ် ၁၀၀ ပြည့် အခန်းအနား
- မွန်ပြည်သစ်ပါတီ သတ္တမအကြိမ် ပါတီညီလာခံ ထုတ်ပြန်ကြေ...
- ကျောက်စိမ်း ဥပဒေနဲ့ ငွေကြေး ပိတ်ပင် လိုက်ခံလိုက်ရတ...
- PDF Democracy Party News Bulletin
- Media Statement about Kay Thi Aung
- ရခိုင်သတင်းစာ January 2009
- ခွပ်ဒေါင်းများရဲ့ ကြုံးဝါးသံ
- ရွှေပေါက်ကံစက်မှုဇုန်တွင် မီးလောင်မှုဖြစ်ပွား
- ဘဘ သိန်းစိန်ထံပေးစာ
- မဲဆောက်တွင် မြန်မာနိုင်ငံသားများ ရာချီအဖမ်းခံရ
- ညောင်ရွှေဟော်နန်းအား နအဖစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ်...
- ဂမ်ဘာရီ ပြန်လာမည်
- ဟီလာရီ ကလင်တန် နိုင်ငံခြားရေးဝန်ကြီး တာဝန် စတင်ထမ်...
- ဦးသန့် ရာပြည့် ရန်ကုန်မှာကျင်းပ
- လှေစီးပြေး ရိုဟင်ဂျာတွေ နိုင်ငံရေးဒုက္ခသည် မဟုတ်လျင...
- ဧည့်လာရန်သာ အရေးကြီးဟု ဟိုတယ်လုပ်ငန်းရှင်များပြော
- ရန်ကုန်မှာ လျှပ်စစ်မီးပြတ် EPC က အကြောင်းအမျိုးမျု...
- World Issues: Myanmar (Burma)
- ရေခဲဗူးကလေးဖြင့် ပင်လယ်ရေထဲ မြောနေသူများ..
- Trafficked and exploited migrant labourers in Thai...
- Inside the Kachin Independendence Army ( KIA.ဆိုတာ...
- ခေမာသောင်နဲ့ ဟို အဝေးမှာ..မြောနေကြသူများ
- 2008 ရဲ့ မြန်မာ့ရှုခင်း ( ဘယ်တော့မှမေ့ မရဖူး)
- Interview: Anders Østergaard and Joshua on "Burma VJ"
- ဦးသန့် ကို ကမ္ဘာက လေးစားတယ်.
- မြန်မာ့နိုင်ငံရေးကတော့ မပြောင်း ဧည့် ဘဲ ထောင်းနေ
- အလင်းရနံ့ ဂျာနယ်..
- ပုံပြင်ထဲက ယုန်နဲ့ လိပ် ဘယ်သူ ပထမချိတ်မလဲ
- ညောင်စေ့ လှုသော်လည်း ညောင်ပင်ကြီးလောက်ရမဲ့ ကုသိုလ်
- လားဟူပြည်သူစစ်များကို အင်အားတိုးချဲ့ရန် ညွှန်ကြား
- ရခိုင်မြောက်ပိုင်း အခြေစိုက် နအဖ စစ်တပ်မှ မိမိကိုယ...
- မန္တလေးတိုင်း အန်အယ်ဒီ အတွင်းရေးမှူး ထောင်က ပြန်လွတ်လာ
-
▼
January
(451)
No comments:
Post a Comment