Tuesday, January 27, 2009

နအဖမှ စစ်လေယဉ်ကွင်း အသစ်တခု ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် တည်ဆောက်နေ

ဘင်္ဂလားကိုဖြဲမလို့လာ? သွားမဖြဲနဲ့ ကိုယ်ပြန်ပြဲ သွားမယ်။

မြန်မာသတ်မတော် အင်အား http://moscow-russia2009.blogspot.com/search?updated-max=2009-01-26T03%3A49%3A00-08%3A00&max-results=7

ဘင်္ဂလားစစ်တပ်အင်အား http://www.skyscrapercity.com/showthread.php?t=600890

1/27/2009

နအဖ စစ်အစိုးရမှ ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် စစ်လေယဉ်ကွင်းအသစ်တခုကို များမကြာမှီက စတင် တည်ဆောက်နေကြောင်း စစ်ဘက်ဆိုင်ရာနှင့် နီးစပ်သူ တဦး၏ အပြောအရ သိရသည်။

ယခုတည်ဆောက်နေသော လေယဉ်ကွင်းမှာ ရခိုင်ပြည်နယ် မြောက်ပိုင်း ဘူးသီးတောင်မြို့နယ် ၀ါးခွတ်ချောင်း အနီးတွင် ဖြစ်ပြီး

အဆိုပါ ဒေသတွင် စစ်ဗျုဟာ ၃ အခြေစိုက်သည်။ ဘူးသီးတောင်မြို့နယ်မှာ ဘင်္ဂလာဒေခ်ျ့ နိုင်ငံနှင့် နီးကပ်စွာ တည်ရှိသည်။

အဆိုပါ လေယဉ်ကွင်းကို ယခုနှစ် ခြောက်သွေ့ရာသီမှ စတင်တည်ဆောက်နေခြင်း ဖြစ်ပြီး စစ်သားများနှင့် စစ်သား မိသားစုများက အလုပ်သမားများ အဖြစ် လုပ်ကိုင်နေသည်ဟု သိရသည်။

သာမန် အရပ်သားများကို ခေါ်ယူ စေခိုင်း နေမူများရှိသော်လည်း အဆိုပါ အရပ်သားများမှာ စစ်တပ်နှင့် နီးစပ်သူများ ဖြစ်သည်။

နအဖ စစ်အစိုးရ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီးမောင်အေး၊ အတွင်းရေးမှူး သီရသူရ ဒုတိယ ဗိုလ်ချုပ်ကြီး တင့်အောင်မြင့်ဦး၊ လေတပ် ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး မြတ်ဟိန်းနှင့် ရေတပ်ချုပ် ဗိုလ်ချုပ် ဥာဏ်ထွန်းတို့သည် အဆိုပါ အသစ်ဆောက်လုပ်နေသာ လေယဉ်ကွင်းလုပ်ငန်းခွင်သို့ ဇန္န၀ါရီလ ဒုတိယအပတ်က သွားရောက် လည်ပတ် စစ်ဆေးခဲ့သည်။

မျက်မြင်များ၏ အပြောအရ ဗိုလ်ချုပ်ကြီး မောင်အေးနှင့် အဖွဲ့သည် စစ်တွေမှ ဘူးသီးတောင်သို့ ရဟတ်ယဉ်များဖြင့် လာရောက်ခဲ့ပြီး စစ်ဗျုဟာ (၃) တွင် ဆင်းသက်ကာ ထိုမှ တဆင့် စစ်ကားများဖြင့် အဆိုပါ လေယဉ်ကွင်း တည်ဆောက်မူကို သွားရောက် စစ်ဆေးခဲ့သည်။

ယခု တည်ဆောက်နေသော လေယဉ်ကွင်းမှာ ဒုတိယ ကမ္ဘာ့စစ်အတွင်းက ဗြိတိသျှတို့ ခေတ္တ အသုံးပြုခဲ့သည့် လေယဉ်ကွင်းဟောင်းနေရာတွင် တည်ဆောက်နေခြင်း ဖြစ်သည်ဟု သိရသည်။

မြန်မာဘက်ကမှ ဘင်္ဂလာဒေခ်ျ့နှင့် ရေပြင်ပိုင်နက် အငြင်းပွားပြီနောက်ပိုင်း စစ်ရေးတည်ဆောက်မူများကို တိုးချဲ့ ပြုလုပ်နေရာ ယခုတည်ဆောက်နေသော စစ်လေယဉ်ကွင်းလည်း တခု အပါအ၀င် ဖြစ်သည်။

နအဖ စစ်အစိုးရသည် ဘူးသီးတောင်မြို့နယ်တွင် စစ်တပ် တပ်ရင်း (၁၃) ခုအား တိုးချဲ့ချထားပြီး ၄င်းအပြင် စကခ ၁၅ နှင့် စစ်ဗျူဟာ ၃ ကိုလည်း ဘူးသီးတောင်တွင် အခြေစိုက်ထားသည်။

No comments:

Post a Comment