အိုဘယ့် သွေးချင်း
ညီနောင်ရင်း တို့ 
ဒီစနစ် ဒီခေတ်ကို
တိုက်ဖျက် တွန်းလှန်
အာဏာသံ ပါဝါနိမ့်စေဘို့
ဒို့တစ်တွေ ကြိုးပမ်းကြ
နှစ်(၂၀)ကျော်ကာလ
ဘာတွေဖြစ်ခဲ့ကြ
တွေးတောကြ . . . စဉ်းစားကြ ။
ဒို့ဘိုး . . ဒို့ဘေး
အသက်ကိုတောင် စတေးခဲ့
သွေးအထပ်ထပ် ပေးဆပ်လို့
ဘယ်လို ဇာတ်ဆုံးပါတော့မလဲ ။ ။
မယ်တော်လည်း မထ
ကယ်ဘော်လည်း မရ
နယ်တော်ထဲ က ဆူဆူညံ
ပဲ့တင်သံ ရိုက်ဟီးလို့
ခြောက်ကြိုးညီ ပြိုအပြီး
နေညိုမှာ မေပျို မထခဲ့လျှင်
ဆွေမျိုးတော် လေးတော်မတင်းခင်
ဆန်းဆန်းတို့ အိမ်ဦးခင်း
နယ်ရင်းကပေါ်တော်မူ
ကြွချီတော်မူ ။ ။
ဘာမထီ ဇာနည်သွေးတို့ရေ
ဓားသွေးလို့သာ ဆောင့်ကြပေတော့ ။ ။
အရှင်ပညာဒီပ
No comments:
Post a Comment