စီးပွားပျက်ကပ်ကြောင့် ရေနံမှော်ပါ ဒုက္ခရောက်
19/01/2009
ကမာ့္ဘရေနံဈေးနှုန်းကျဆင်းခြင်းနှင့် ကမာ့္ဘစီးပွား ပျက်ကပ်ကြောင့် မြန်မာနိုင်ငံ စစ်ကိုင်တိုင်း၊ ကျွန်းလှမြို့နယ် မော်တယ်(မှော်ကြီး) ပုဂ္ဂလိက ရေနံတူးဖော်ရေးလုပ်ငန်းခွင်အတွင်း အလုပ်သမား လျှော့ချနေဖြင့် ရပ်ဝေး မှ လာ ရောက်လုပ်ကိုင်ကြရသော အလုပ်သမားများမှာ အခက်အခဲနှင့် ကြုံနေကြရကြောင်း သတင်းရရှိသည်။
အဆိုပါဒေသမှထွက်ရှိသော ရေနံစိမ်းများကို ပုဂ္ဂလကုမ္ပဏီတခုဖြစ်သည့် မြန်မာဟွန်ဒါ ကုမ္ပဏီက ၀ယ်ယူပြီး ယခုအခါ ရေနံစိမ်း (၅) ဂါလန်တပုံးလျှင် ကျပ် (၃,၅၀၀) ထိ ကျဆင်းသွားသဖြင့် တွင်းပိုင်ရှင်များအနေဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်း လုပ်ငန်းခွင် အတွင်း လုပ်ကိုင်နေသူ အလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
“တွင်းတတွင်းတူးရင် ကုန်ကျစရိတ်က အနည်းဆုံး (၁၅) သိန်းကနေ သိန်း (၂၀) လောက် ကုန်ကျပါတယ်။ တွင်းကို အနည်းဆုံး အနက်ပေ (၆၀၀) ကျော်တူးမှ ရေနံထွက်တာပါ။ အလုပ်သမားစရိတ်၊ စားစရိတ်အပါအ၀င် ဆိုရင် တဦးကို (၄၅,၀၀၀) ပေးရပါတယ်။ စားစရိတ် မပါဘူးဆိုရင်တော့ တဦးကို (၈၀,၀၀၀) ကနေ (၁) သိန်း ထိ အောင် ပေးရပါတယ်။ နောက်ပြီး ဒီမှာလာလုပ်တဲ့သူတွေဟာ အဝေးကနေလာပြီး လုပ်ကြတာများပါတယ်” ဟု အလုပ်သမားတဦးက ပြောကြားသည်။
ထို့အပြင် အဆိုပါဒေသည် ငှက်ဖျားရောဂါဖြစ်ပွားသည့် ဒေသဖြစ်သောကြောင့် လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားအများစုသည် ကျန်းမာရေးအတွက် မြန်မာဟွန်ဒါကုမ္ပဏီက ဖွင့်လှစ်ထားသည့် ဆေးခန်း၌သာ အခကြေးငွေပေးပြီး ကုသကြရကာ အလုပ်သမားများအတွက် သီးသန့်ဆေးရုံလည်း မရှိသည့်အတွက် အလုပ် သမားများသည် ရသည့်လစာနှင့် ကျန်းမာရေးချို့ယွင်းလာပါက ကုသရန် မလောက်ငကြောင်း သိရသည်။ “သောက်သုံးရေဆိုရင်လည်း သီးသန့်တွင်းမရှိတာကြောင့် တောင်ကြားက စီးဆင်းလာတဲ့ တောင်ကျစမ်း ရေကိုပဲ သောက်သုံးနေရပါတယ်။ ဒါပေယ့် ရေနံတွင်းက စွန့်ပစ်တဲ့ပစ္စည်း အညစ်အကြေးများ၊ ရေဆိုး ရေညစ် များနဲ့ ရောနှောနေတဲ့ ရေကိုပဲ သုံးနေကြရတာပါ” ဟု အဆိုပါအ လုပ်သမားက ခေတ်ပြိုင်သို့ ပြောကြား သည်။
ယခုကဲ့သို့ စားဝတ်နေရေးအဆင်မပြေသဖြင့် ရပ်ဝေးမှ လာရောက်လုပ်ကိုင် နေကြရသည့် အလုပ်သမားများ အလုပ်ခွင်အခက်အခဲများ ရင်ဆိုင်နေရချိန်တွင် ရေနံဈေးနှုန်းများ ဆက်တိုက်ကျဆင်းမှုကြောင့် တွင်းပိုင်ရှင် လော်ပန်များအနေဖြင့် ကုန်ကျစရိတ်မကာမိပဲ ဖြစ်နေ ကြရပြီး အလုပ်သမားလျှော့ချရမှုများ၊ အချို့ လော်ပန်များက တွင်းကိုပိတ်ကာ အလုပ်ဆက်မလုပ်နိုင်တော့ကြောင်း သိရှိရသည်။
အဆိုပါဒေသတွင် အမြဲတမ်းနေထိုင်ကြသော ဒေသခံများမှာလည်း အလုပ်သမားများကို မှီခိုကာ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များ ဖွင့် ထားသော်လည်း ယခုအခါ တွင်းများတွင် အလုပ်သမားများ လျှော့နည်းလာသဖြင့် ဒေသခံများလည်း အခက်တွေ့နေကြရပြီး ရပ်ဝေး မှလာရောက်လုပ်ကိုင်သူများမှာလည်း ပြန်စရာလမ်းစရိတ်မရှိသဖြင့် အခက်အခဲများနှင့်ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။ http://lanka-msma.blogspot.com/မှ
19/01/2009ကမာ့္ဘရေနံဈေးနှုန်းကျဆင်းခြင်းနှင့် ကမာ့္ဘစီးပွား ပျက်ကပ်ကြောင့် မြန်မာနိုင်ငံ စစ်ကိုင်တိုင်း၊ ကျွန်းလှမြို့နယ် မော်တယ်(မှော်ကြီး) ပုဂ္ဂလိက ရေနံတူးဖော်ရေးလုပ်ငန်းခွင်အတွင်း အလုပ်သမား လျှော့ချနေဖြင့် ရပ်ဝေး မှ လာ ရောက်လုပ်ကိုင်ကြရသော အလုပ်သမားများမှာ အခက်အခဲနှင့် ကြုံနေကြရကြောင်း သတင်းရရှိသည်။
အဆိုပါဒေသမှထွက်ရှိသော ရေနံစိမ်းများကို ပုဂ္ဂလကုမ္ပဏီတခုဖြစ်သည့် မြန်မာဟွန်ဒါ ကုမ္ပဏီက ၀ယ်ယူပြီး ယခုအခါ ရေနံစိမ်း (၅) ဂါလန်တပုံးလျှင် ကျပ် (၃,၅၀၀) ထိ ကျဆင်းသွားသဖြင့် တွင်းပိုင်ရှင်များအနေဖြင့် တွက်ခြေမကိုက်ဖြစ်နေကြောင်း လုပ်ငန်းခွင် အတွင်း လုပ်ကိုင်နေသူ အလုပ်သမားတဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
“တွင်းတတွင်းတူးရင် ကုန်ကျစရိတ်က အနည်းဆုံး (၁၅) သိန်းကနေ သိန်း (၂၀) လောက် ကုန်ကျပါတယ်။ တွင်းကို အနည်းဆုံး အနက်ပေ (၆၀၀) ကျော်တူးမှ ရေနံထွက်တာပါ။ အလုပ်သမားစရိတ်၊ စားစရိတ်အပါအ၀င် ဆိုရင် တဦးကို (၄၅,၀၀၀) ပေးရပါတယ်။ စားစရိတ် မပါဘူးဆိုရင်တော့ တဦးကို (၈၀,၀၀၀) ကနေ (၁) သိန်း ထိ အောင် ပေးရပါတယ်။ နောက်ပြီး ဒီမှာလာလုပ်တဲ့သူတွေဟာ အဝေးကနေလာပြီး လုပ်ကြတာများပါတယ်” ဟု အလုပ်သမားတဦးက ပြောကြားသည်။
ထို့အပြင် အဆိုပါဒေသည် ငှက်ဖျားရောဂါဖြစ်ပွားသည့် ဒေသဖြစ်သောကြောင့် လာရောက်လုပ်ကိုင်ကြသည့် အလုပ်သမားအများစုသည် ကျန်းမာရေးအတွက် မြန်မာဟွန်ဒါကုမ္ပဏီက ဖွင့်လှစ်ထားသည့် ဆေးခန်း၌သာ အခကြေးငွေပေးပြီး ကုသကြရကာ အလုပ်သမားများအတွက် သီးသန့်ဆေးရုံလည်း မရှိသည့်အတွက် အလုပ် သမားများသည် ရသည့်လစာနှင့် ကျန်းမာရေးချို့ယွင်းလာပါက ကုသရန် မလောက်ငကြောင်း သိရသည်။ “သောက်သုံးရေဆိုရင်လည်း သီးသန့်တွင်းမရှိတာကြောင့် တောင်ကြားက စီးဆင်းလာတဲ့ တောင်ကျစမ်း ရေကိုပဲ သောက်သုံးနေရပါတယ်။ ဒါပေယ့် ရေနံတွင်းက စွန့်ပစ်တဲ့ပစ္စည်း အညစ်အကြေးများ၊ ရေဆိုး ရေညစ် များနဲ့ ရောနှောနေတဲ့ ရေကိုပဲ သုံးနေကြရတာပါ” ဟု အဆိုပါအ လုပ်သမားက ခေတ်ပြိုင်သို့ ပြောကြား သည်။
ယခုကဲ့သို့ စားဝတ်နေရေးအဆင်မပြေသဖြင့် ရပ်ဝေးမှ လာရောက်လုပ်ကိုင် နေကြရသည့် အလုပ်သမားများ အလုပ်ခွင်အခက်အခဲများ ရင်ဆိုင်နေရချိန်တွင် ရေနံဈေးနှုန်းများ ဆက်တိုက်ကျဆင်းမှုကြောင့် တွင်းပိုင်ရှင် လော်ပန်များအနေဖြင့် ကုန်ကျစရိတ်မကာမိပဲ ဖြစ်နေ ကြရပြီး အလုပ်သမားလျှော့ချရမှုများ၊ အချို့ လော်ပန်များက တွင်းကိုပိတ်ကာ အလုပ်ဆက်မလုပ်နိုင်တော့ကြောင်း သိရှိရသည်။
အဆိုပါဒေသတွင် အမြဲတမ်းနေထိုင်ကြသော ဒေသခံများမှာလည်း အလုပ်သမားများကို မှီခိုကာ လက်ဖက်ရည်ဆိုင်၊ ထမင်းဆိုင်များ ဖွင့် ထားသော်လည်း ယခုအခါ တွင်းများတွင် အလုပ်သမားများ လျှော့နည်းလာသဖြင့် ဒေသခံများလည်း အခက်တွေ့နေကြရပြီး ရပ်ဝေး မှလာရောက်လုပ်ကိုင်သူများမှာလည်း ပြန်စရာလမ်းစရိတ်မရှိသဖြင့် အခက်အခဲများနှင့်ရင်ဆိုင်နေကြရကြောင်း သိရှိရသည်။ http://lanka-msma.blogspot.com/မှ
No comments:
Post a Comment