Tuesday, January 13, 2009

ထုံးစံ အတိုင်း စားခွက်လု စမာန်ခုတ်နေကြပြီ

ကူဝိတ်-မြန်မာသံအမတ်နေရာ အပြိုင်လုနေ
NEJ/ ၁၃ ဇန်န၀ါရီ ၂၀၀၉


မြန်မာစစ်အစိုးရက ကူဝိတ်နိုင်ငံ၌ သံရုံးဖွင့်ရန်ပြင်ဆင်နေချိန်တွင် ကူဝိတ်-မြန်မာသံရုံး သံအမတ်နေရာ လိုချင်သည့် မြန်မာသံအမတ်ကြီးများ အလုအယက် ကြိုးစားနေကြသည်ဟု သံတမန်အသိုင်းအ၀န်းက ပြောသည်။

ကူဝိတ်-မြန်မာသံရုံးတွင် သံအမတ်ရာထူးရပါက လစာကောင်းမည်ဆိုသည့် သတင်းထွက်နေသည့်အတွက် ကူဝိတ်-

မြန်မာသံအမတ်ဖြစ်လိုသူများက အထက်အရာရှိများအား အလုအယက် ပြေးကပ်နေသည်ဟု နေပြည်တော် သတင်းရပ်ကွက်ကလည်း ပြောသည်။

သို့သော် မြန်မာစစ်အစိုးရတွင် နိုင်ငံခြားငွေ ပြတ်လပ်နေသည့်အတွက် ကူဝိတ်-မြန်မာသံရုံး ဖွင့်သည့်အချိန်တွင် (၃) လအတွက် သံရုံးစရိတ်ကို ကူဝိတ်အစိုးရက ကျခံပေးမည်ဟု ကမ်းလှမ်းထားသည်။

ပြီးခဲ့သည့် သြဂုတ်လအတွင်းက ကူဝိတ်နိုင်ငံ စီးပွားရေးကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံလာပြီး မကြာခင် ကူဝိတ်တွင် မြန်မာသံရုံးဖွင့်ရန် စစ်အစိုးရဘက်က စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ထိုခရီးစဉ်အတွင်း မြန်မာနိုင်ငံ ဘဏ္ဍာရေးကဏ္ဍ၊ ဆက်သွယ်ရေးကဏ္ဍ၊ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍများတွင် ကူဝိတ်နိုင်ငံက ရေရှည် ရင်းနှီးမြှုပ်နှံမှုများ လုပ်ကိုင်လိုကြောင်း ကူဝိတ် ဘဏ္ဍာရေးဝန်ကြီးက ထုတ်ဖော်ပြောခဲ့သည်။

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်