Sunday, January 11, 2009

နိုင်ငံတကာ၌ အာမခံ လျော်ကြေးပေးမှု အမြန်ဆုံးတွင် မြန်မာ့ အာမခံ လုပ်ငန်း ပါဝင်

ပြောလိုက်ရင်တော့ နအဖ သတင်းတွေက လူအထင်ကြီးလောက်အောင်ပြောတတ်တယ်။ မြန်မှာပေါ့ ဘာကြောင့်မြန်လဲဆိုတော့ မြန်မာ့မီးရထား က အသက်အမခံကြေးက မြန်မာငွေ (၁၅) ပြား ကြီးများတောင်ဖြစ်ပါတယ်ခင်ဗျား
အောက်က ဟာသလေးကို ဆက်ဖတ်ကြည့်လိုက်ပါအုံး-

အာမခံကြေးပေးလျော်ရာ၌နိုင်ငံတကာတွင် မြန်မာ့အာမခံ လုပ်ငန်းမှပေးလျော်ခြင်းသည် အမြန်ဆုံး
ဖြစ်ကြောင်း သိရသည်။ မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေး ပေးတာမြန်ပါတယ်။ ဒီလို လျော်ကြေး ပေးမှုတွေ
မြန်မာဆန်မှန်ကန်တာကြောင့် အချို့လုပ်ငန်းရှင်တွေဆို ပြည်ပမှာတောင် အာမခံမ ထားကြတော့ပဲ မြန်မာ့ အာမခံ
လုပ်ငန်းမှာပဲ ထားကြတော့တယ်။ မြန်မာ့အာမခံရဲ့ ခံယူချက်ကိုက အကျိုးအမြတ်ရဖို့ထက်ပြည်သူကို ဝန်ဆောင်မှု
ပေးဖို့ဖြစ်တာကြောင့် အမြန်ဆုံးလျော်ကြေးပေးပါတယ်” ဟုမြန်မာ့အာမခံလုပ်ငန်းမှ အထွေထွေ မန်နေဂျာ ဒေါက်
တာမောင်မောင်သိမ်းကပြောသည်။ မြန်မာ့အာမခံလုပ်ငန်းသည် နိုင်ငံတော်ပိုင်လုပ်ငန်းဖြစ်ကြောင်း၊အမြတ်အစွန်း
ကို အဓိကမထားပဲ ပြည်သူကိုဝန်ဆောင်မှုပေးရန်ဟူသောခံယူချက်ဖြင့် အာမခံထားရှိမှုများကို လက်ခံကာမြန်ဆန်
မှန်ကန်လျော်ကြေးများ ပြန်လည်ပေးအပ်ကြောင်း၊ မြန်မာ့အာမခံလုပ်ငန်းတွင် လာရောက်ထားရှိသော အာမခံများ
ကိုနိုင်ငံတကာတစ်ဆင့်အာမခံဈေးကွက်တွင် ပြန်လည်အာမခံထားရှိကြောင်း၊ အဆိုပါအာမခံထားရှိသော ကိစ္စရပ်
များအတွက် ပြည်ပမှလျော်ကြေးပေးချေရာတွင် မြန်မာ့အာမခံလုပ်ငန်းကဲ့သို့ မြန်ဆန်မှုမရှိကြောင်းသိရသည်။“ဖြစ်
စဉ်တွေကို ကြည့်ရင်အာမခံလျော်ကြေေးပးတာမှာ ကမ္ဘာတွင် မြန်မာ့အာမခံလုပ်ငန်းက လျော်ပေးတာအမြန်ဆုံးပဲ။
မြန်မာ့အာမခံလုပ်ငန်းက မန္တလေး၊ ရတနာပုံဈေးမီးလောင်မှု၊နာဂစ်မုန်တိုင်းအတွက်လျော်ကြေးပေးပြီးပြီ။အဲဒါတွေ
က ပြည်ပမှာတစ်ဆင့်အာမခံထားတာ၊ ဒါပေမယ့် လျော်ကြေးကတော့ တချို့တဝက်ပဲရသေးတယ်။ မြန်မာ့ အာမခံ
ကတော့ လျော်ပြီးပြီ။ ဒါကြောင့် မြန်မာ့အာမခံလုပ်ငန်းက လျော်ကြေးပေးတာဟာ ကမ္ဘာ့အာမခံလုပ်ငန်းဈေးကွက်
မှာ အမြန်ဆုံးလို့ ပြောတာပါ” ဟုအထွေထွေမန်နေဂျာ ဒေါက်တာ မောင်မောင်သိမ်း ကပြောကြားကြောင်း ၂၀၀၉
ခုနှစ်ဇန်နဝါရီလ ၁၃ရက်နေ့ထုတ် Flower Newsဂျာနယ်တွင်ဖော်ပြထားပါသည်။

Rest of your post

No comments:

Post a Comment

ယခင် သတင်းများ ဖတ်ရန်