Thursday, January 15, 2009

အအေးလှိုင်း ရိုက်ခတ်ဖွယ်ရှိ

မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇန်နဝါရီလ 15 2009


ချင်းမိုင် (မဇ္ဈိမ)။ ။ လေစီးကြောင်း အပြောင်းအလဲများကြောင့် မြန်မာနိုင်ငံတွင် ဇန်န၀ါရီလ နောက်ဆုံးပတ်၌ အအေးလှိုင်း ကျရောက်လာနိုင်သည်ဟု မိုးဇလ အရာထမ်းတဦးက ခန့်မှန်း ပြောဆိုလိုက်သည်။

မြန်မာပြည်မြောက်ပိုင်း ဒေသများတွင် ပိုမို ခံရဖွယ်ရှိပြီး ကျန်နေရာများတွင်လည်း အရှေ့မြောက် မုတ်သုတ်လေ တိုက်ခတ်ကာ ညအပူချိန်တွေကျ အအေးပိုလာမယ် ဖြစ်ကြောင်း အမည်မဖော်လိုသူ မိုးဇလ အရာထမ်းတဦးက မဇ္ဈိမ သို့ ပြောသည်။

ယနေ့ထုတ် အစိုးရ သတင်းစာများတွင်တော့ အအေးလှိုင်း ရိုတ်ခတ်ဖွယ်ရှိခြင်းကို ဖော်ပြခြင်းမရှိဘဲ လောလောဆယ် ဖြစ်ပွားနေသည့် ဟားခါး၊ လွိုင်လင်၊ နမ့်ဆန်၊ မိုးကုတ်တို့တွင် အအေးပိုနေခြင်းကိုသာ မိုးလေ၀သသတင်းအဖြစ် ဖော်ပြထားသည်။

အအေးပိုမိုလျှင် အသက်အရွယ်ကြီးမြင့်သူများ လေဖြတ်ရောဂါခံစားရခြင်း၊ နှလုံးနှင့် ကျောက်ကပ်များလည်း အခြားရာသီများထက် ပိုမိုဖြစ်ပွားနိုင်ကြောင်း ဆေးသုတေသီများက ထုတ်ပြန်ထားသည်။

Rest of your post

No comments:

Post a Comment