


တော်လှန်ရေးမောင်နှမများခင်ဗျား
ကျနော်တို့ Generation Wave (မျိုးဆက်သစ်လူငယ်များအစည်းအရုံး)အဖွဲ့ဝင်လူငယ်များသည်နအဖအစိုးရ က ဒေါ်အောင်ဆန်းစုကြည်အား မတရားဖမ်းဆီးထောင်ချရန်ကြိုးစားနေခြင်းကိုဆက်လက်ဆန့်ကျင်လျက် ရှိနေပြီး ယနေ့ မေလ ၂၆ ရက် ၂၀၀၉တွင် လှုပ်ရှားမှုတခုပြုလုပ်ခဲ့ပါသည်။
လှုပ်ရှားမှုမှာ ရန်ကုန်မြို့တွင်းပြေးဆွဲလျက်ရှိသော ဘတ်စ်ကားလိုင်းများပေါ်တွင် လက်ကမ်းစာစောင်များ
ဖြန့်ချိဝေငှခဲ့ခြင်းဖြစ်ပါသည်။လှုပ်ရှားမှုပြုလုပ်နေသည့် ဓါတ်ပုံအချို့နှင့် ဖြန့်ဝေခဲ့သည့် လက်ကမ်းစာစောင် များ၏ ပုံကို ပူးတွဲပါဖိုင်များကြည့်ရှု့နိုင်ကြောင်း အသိပေးအပ်ပါသည်။
ပြည်သူလူထုတရပ်လုံးနှင့် လူငယ်များအနေဖြင့်လည်း နအဖအစိုးရ၏ မတရားဖိနှိပ်မှုများကိုနိုင်ငံရေး တက်ကြွ လှုပ်ရှားသူများ နှင့်အတူ ပူးပေါင်းဆန့်ကျင်၍ အရှိန်မြှင့်လှုပ်ရှားမှုများတွင်ပါဝင်ဆင်နွှဲကြပါရန် အလေးအနက် တိုက်တွန်းနှိုးဆော်လိုက်ပါသည်။
regards
moethway
Generation Wave
http://www.generationwave-network.co.cc/
Congratulation !!!!!!!!!!
ReplyDeleteThanks a LOT LOT LOT !!
God Bless YOU all guys !!!!!!!!!!