Sunday, May 24, 2009

အမေ့ အတွက်စွန့်စားခြင်း

ဒေါ်အောင်ဆန်းစုကြည်နှင့် နိင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေး ထိုင်းနိုင်ငံ မဲဆောက်ရှိမြ၀တီတံတားမှာ မြန်မာနိုင်ငံသားများဆန္ဒပြကြကြောင်း အားလုံး၁၀၀လောက်ရှိတယ် ထိုင်းစစ်တပ်လအနှောက်အရှက်မပေးဘူး ရဲလဲမဖမ်းဘူး မတားဘူး ထောက်လှမ်းရေးလဲပါတယ် ထိုင်းတချို့လည်းပါတယ် အဖြူတွေက၃၀လောက်ရှိတယ် အဖွဲ့အစည်းကလူတွေမပါဘူး နိင်ငံရေးတက်ကြွသူတွေပဲ ဦးဆောင်ကြတာ ဟု သတင်းရရှိပါကြောင်း။

လူထုချစ်မြတ်နိုးတဲ့ခေါင်းဆောင် ငြိမ်းချမ်းရေးရဲ့ မီးရှုးတန်ဆောင် ၊မြန်မာ့ဒီမိုကရေစီအရေးရဲ့လမင်းကြီး ဒေါ်အောင်ဆန်းစုကြည် မတရားအမှုဆင်ဖမ်းဆီးခံထားရတာကနေ လွတ်မြောက်အောင် ကျောက်ပန်းတောင်းလူငယ် ၄၀ကျော်ဟာ စုရပ်ကနေ မဟာစေတီကြီးဘုရားဆီကို တူညီဝတ်စုံဝတ်ကာချီတက်ပြီး ငါးလွှတ်ကာ ဆုတောင်မေတ္တာပို့ခဲ့ကြပါတယ်၊၊ ဒီဆုတောင်းတဲ့ပွဲကို လက်ကိုင်ဒုတ်တွေက စောင့်ကြည့်အင်းအာပြပြီး မေးမြန်းတာရှိခဲ့ပေမဲ့ တစုံတရာတော့ အနှောက်အယှက်မပေးဘူးလို့သိရပါတယ်၊ ကျေးဇူးကြီးပါပေ့ ၊ ပြည်သူချစ်တဲ့ ခေါင်းဆောင်နဲ့နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် ဥပဒေဘောင်အတွင်းက လှုပ်ရှားမှုဖြစ်တာကြောင့် ပြည်သူတရပ်လုံး မိမိတို့နေထိုင်ရာပတ်ဝန်းကျင်မှာ ဆုတောင်းမေတ္တာပို့လမ်းလျှောက်တဲ့ပွဲတွေ လုပ်ပြီး နအဖကို ဆန့်ကျင်ကြပါစို့ လို့တိုက်တွန်းရင်းဖြေးဖြေးချင်း တိုက်ပွဲအရှိန်မြှင့်တင်ကြတာပေါ့၊

2 comments: