Sunday, May 24, 2009

နွားအိုအဖွဲ့ ရေ...မကျေနပ်ရင် အာဆီယံက ထွက်ပေါ့ဗျာ......

အာဆီယံက ပြည်တွင်းရေးဝင်စွက်ဟု မြန်မာစစ်အစိုးရ တုံ့ပြန်
မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ မေလ 25 2009 11:34 - မြန်မာစံတော်ချိန်


ဒေါ်အောင်ဆန်းစုကြည်၏ တရားခွင်နှင့် ပတ်သက်၍ အာဆီယံအဖွဲ့၏ ထုတ်ပြန် ကြေညာချက်ကို မြန်မာစစ်အစိုးရက ကန့်ကွက်ကာ တုံ့ပြန်လိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို အရေးယူရခြင်းမှာ မြန်မာ့ပြည်တွင်းရေးသာဖြစ်ပြီး အာဆီယံအဖွဲ့ ဥက္ကဌအနေဖြင့် ပဋိညာဉ် စာချုပ်ပါ စည်းမျဉ်းများကို သွေဖီ၍ မြန်မာ့ ပြည်တွင်းရေး ဝင်ရောက် စွက်ဖက်ရာ ရောက်သည်ဟု ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ပါရှိသည်။
Summary

Rest of your post
“ဤကဲ့သို့ ပြုလုပ်ခြင်းသည် အာဆီယံ အဖွဲ့အတွင်း မကောင်းသော အစဉ်အလာ တရပ်ကို ဖြစ်ပေါ်ရာ ရောက်စေပါသည်။” ဟု ကြေညာချက်က ရေးသားထားသည်။

“အာဆီယံအဖွဲ့၏ လုပ်ထုံးလုပ်နည်းနှင့်လည်း ညီညွတ်ခြင်း မရှိသော၊ အကြောင်းအရာအားဖြင့် မှန်ကန်ခြင်း မရှိသော၊ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာ ရောက်သော အလှည့်ကျ တာဝန်ယူထားသော အာဆီယံဥက္ကဋ္ဌ အနေဖြင့် ထုတ်ပြန်သည့် ကြေညာချက်ကို မြန်မာနိုင်ငံက အလေးအနက် ကန့်ကွက်ကြောင်း ကြေညာအပ်ပါသည်” ဟု ဖြည့်စွက်ထားသည်။
http://www.mizzimaburmese.com/news/breaking-newsbrief/3022-2009-05-25-05-18-06.html

1 comment:

  1. WE WHOLE PUBLIC OF BURMA ARE WITH YOU ASEAN !!!!!!!! CARRY ON TO TAKE ACTIONS TO MILITARY !!!!!!!!!!

    ReplyDelete