Sunday, March 29, 2009

ကုန်ပါပြီဗျာ..

တရုတ်-မြန်မာ လောင်စာပိုက်လိုင်း သွယ်တန်းရန် သဘောတူ
မေကျော်
သောကြာနေ့၊ မတ်လ 27 2009 19:00 - မြန်မာစံတော်ချိန်


ချင်းမိုင် (မဇ္ဈိမ)။ ။ နှစ်နိုင်ငံနယ်စပ် ဖြတ်ကျော်ကာ ကီလိုမီတာ ၂ဝဝဝ ကျော် ရှည်လျားမည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများ တည်ဆောက်ရန်အတွက် မြန်မာနှင့် တရုတ် တာဝန်ရှိသူများ ယမန်နေ့က သဘောတူခဲ့ကြသည်။

တရုတ်အမျိုးသား စွမ်းအင်အုပ်ချုပ်ရေးမှူး မစ္စတာကျန်းကောပေါင်နှင့် မြန်မာစွမ်းအင်ဝန်ကြီး ဗိုလ်မှူးချုပ် လွန်းသီက သဘောတူစာချုပ် လက်မှတ်ထိုးခဲ့သည်။

ယူနန်က ယွမ်ငွေ ၇၂ ဘီလီယံ (စကာင်္ပူ ဒေါ်လာ ၁၅ ဒဿမ ၉ ဘီလီယံ) ရင်းနှီးမြှုပ်နှံမည့် စွမ်းအင်စီမံကိန်းတွင် အပါအဝင်ဖြစ်သည့် ယခု ပိုက်လိုင်းစီမံကိန်းကို ပထမခြောက်လအတွင်း စတင်မည်ဟု ယနေ့ထုတ် တရုတ်အစိုးရသတင်းစာက ဆိုသည်။

ပိုက်လိုင်းသည် ယူနန်ဒေသ ရွှေလီ၊ ကူမင်းနှင့် ဂွမ်ဇိုးပြည်နယ် Chongqing ဒေသကို ဖြတ်သန်းဖောက်လုပ်မည်ဟု တရုတ်စွမ်းအင်ဌာန အကြီးတန်း အရာရှိတဦးက ပြောကြားကြောင်း The Straits Times သတင်းအရ သိရသော်လည်း မြန်မာဘက်မှ မည်သည့် ဒေသများကို ဖြတ်သန်းသွားမည်ကို တရားဝင် ထုတ်ပြန်ခြင်း မရှိသေးပါ။

1 comment:

  1. အဲဒါ ငါတို့ဒီမိုသမားကွ...ဘာမှတ်လဲ..ငါတို့အဆင့်တန်းက ဒီလောက်ပဲရှိတယ်ကွ..မသိရင်မှတ်ထားကြ..
    http://zawyeaung.blogspot.com/

    ReplyDelete