Tuesday, March 31, 2009

တပ်မဟာ (၅) အောင်ပွဲသတင်း

တပ်မဟာ ၅တိုက်ပွဲ နအဖ ၃၀ကျော် ကျဆုံးဒဏ်ရာရ
မတ်လ ၁၉ရက်နေ့မှ မတ်လ ၂၃ရက်နေ့အထိ ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် (KNLA)တပ်မဟာ ၅နှင့် နအဖစစ်တပ်တို့ ၁၂ကြိမ်မက တိုက်ပွဲဖြစ်ပွားရာတွင် နအဖစစ်တပ်မှ ကျဆုံးသူ ၂၄ယောက်နှင့် ဒဏ်ရာ ၁၃ယောက် ရရှိသည်ဟု ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ သိရသည်။
ကေအဲန်ယူသတင်းထုတ်ပြန်ချက်အရ မတ်လ ၁၉ရက်နေ့မှ မတ်လ ၁၃ရက်နေ့အတွင်းတွင် ကေအဲန်ယူ တပ်မဟာ

၅တပ်ဖွဲ့ဝင်အချို့နှင့် နအဖတပ်ဖွဲ့တို့ တိုက်ပွဲ ၁၂ကြိမ်ထက်မက ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ တိုက်ပွဲအတွင်း နအဖဘက်မှ ၂၄ယောက် ကျဆုံးကာ ၁၃ယောက်ထက်မက ဒဏ်ရာရရှိကြောင်း ဖော်ပြပါရှိသည်။
ကေအဲန်ယူဘက်မှ ထိခိုက်ဒဏ်ရာရရှိခြင်းမရှိကြောင်းလည်း အဆိုပါထုတ်ပြန်ချက်တွင် တွေ့ရှိရသည်။
တိုက်ပွဲဖြစ်ပွားသည့်နေရာများမှာ ကေအဲန်ယူ တပ်မဟာ ၅နယ်မြေအပိုင် ၀ီးသောခိုး၊ ပဲပလာ၊ မယ်တိုထ၊ ကေးကော့၊ ခူးသူထ-ပနွဲလိုကြား၊ ဟိုကလို၊ သီးလိုထ၊ ဟော်ဟိုခီး၊ ဖလားခိုနယ်မြေ၊ နာမိုနယ်မြေ၊ တာညာခိုးနေရာတို့ ဖြစ်သည်။
ကွယ်ကလူကရင်ဝက်ဆိုဘ် http://kwekalu.netမှ ဆီလျှော်အောင် ဘာသာပြန်ဆိုထားသည်။
အဲခေါင်သောင့် http://ehkhaungthaunt.blogspot.com

2 comments:

  1. သိပ်လည်း ကြွားပြီး ပျော်မနေကြနဲ့...စစ်တပ်က သူ ၁ခါခံရရင်တော့ နောက်တစ်ခါဆိုရင် အကုန်ဝါးလုံးသိမ်း တိုက်ပစ်လို့ ကြားကနေ အပြစ်မရှိတဲ့ ပြည်သူတွေပါသေနေအုံးမယ်...စစ်သားတစ်ယောက်ကို ရွာတစ်ရွာမှာ အရိုက်ခံရရင်တော့ အဲဒီရွာ ၁ရွာလုံး ပွဲကြမ်းပြီသာမှတ်...အဲဒီလိုပဲ စစ်သားတွေ ကိုသွားပြီးတော့ မဆွပေးနဲ့...

    ReplyDelete
  2. မယုံပါဘူး...ုကားရတဲ့သတင်းနဲ.တခြားစီပဲ ... အင်အားမရှိတော့လို့ တပ်သားတွေစိတ်ဓိတ်မကျရအောင်နဲ့ ပြည်ပကပေးစာကမ်းစာရ ရအောင် လုပ်ုကံသတင်းလွှင့်တာ

    ReplyDelete