ပညာမဲ့ မှုးကြီးဆိုသူ က လုပ်ချလိုက်ပြန်ပြီ..ရိုဟင်စစ်ဆင်ရေး ကိုတဲ့။။
အရှက်မဲ့ ပြောင်ကြီးသိန်းစိန် ကတော့..အစည်းအဝေးသွား..သောက်ရှက်မဲ့ လိမ်ဦးမယ်..
လက်မရွံ့ အောင်သောင်း ကရခိုင်သွား..
ရိုဟင်ဂျာများ မိျုးဖြုတ်တော့မလားဟဲ့။။
လူတွေ ဗျ..လူတွေ..
မင်း တို့  ဘိုးအေတွေ လိုဘဲ သူတို့ လည်းမိသားစုရှိတယ်။
ဒီနအဖ လူတွေ က လူရူးတွေ ဗျ..လုပ်ချင်တာ လုပ်နေတဲ့ သူ..သတ်ပစ်မလား..သင်းပစ်မလား..မပြောနိုင်ဖူး
ရခိုင်ကုလား ဖြစ်ဖြစ်..မြန်မာ ကုလား ဖြစ်ဖြစ် ကြက်တန်း ကုလား ဖြစ်ဖြစ်
ကျောက်တံခါး ကုလား ဖြစ်ဖြစ်
မြန်မာမြေပေါ်ပေါက်ရင်..မြန်မာပေါ့ဗျ..
မြန်မာမြေပေါ်နေရင်..မြန်မာပေါ့ဗျ..
သူ့ ဟာသူ..ဘာဘာသာ ကိုးကွယ်ကွယ်...အသားမဲချင်မဲလေ..
ရွှေဘဘ ကျတော့ ဖြူလို့ လား..ဖြူချင်ရင် မိုက်ကယ်ဂျက်ဆင်လို အရေပြား.. အရောင်ချွတ်ပေါ့...ဖြူဖြူဖွေးဖွေးရေဆေးငါးလို ချောသွားရအောင်..
ရခိုင်သားတွေ စည်းလုံးညီညွတ်စွာ ကာကွယ်ပေးကြပါခင်ဗျာ..ရခိုင်ကုလားလည်း လဲရင်..ရခိုင်အစစ် ကိုလည်း..ဆက်နှိပ်စက်ဦးမှာပါ..
အာရကန်ပြည်နယ်ကို ကာကွယ်ကြပါစို့ 
ဝန်ကြီးဦးအောင်သောင်းအား ရိုဟင်စစ်ဆင်ရေး တာဝန်ပေးNEJ /၂၇ ဖေဖော်ဝါရီ ၂၀၀၉
ရိုဟင်ဂျာ ဒုက္ခသည်များ ကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်အစိုးရအပေါ် အာဆီယံနိုင်ငံ အချို့က ဖိအားပေးပြောနေချိန်တွင် ပြန်လည်ချေပနိုင်ရန် အခြေခံ အချက်အလက်များ ရှာဖို့အတွက် ဗိုလ်ချုပ်မှူးကြီး သန်းရွှေက စက်မှု (၁) ၀န်ကြီးဦးအောင်သောင်းအား ရခိုင်ပြည်နယ်သို့ စစ်ဆင်ရေးပုံစံဖြင့် လျှို့ဝှက် တာဝန်ပေးထားသည်။
လွန်ခဲ့သည့် ဖေဖော်ဝါရီလဆန်းမှ စပြီး ၀န်ကြီးအောင်သောင်းနှင့် အဖွဲ့ ရခိုင်ပြည်နယ်သို့ သွားရောက်ခဲ့ပြီး ပြည်နယ်တခုလုံးရှိ ရိုဟင်ဂျာ ရွာများကို အသေးစိတ် စုံစမ်းနေပြီး ရိုဟင်ဂျာများ နောင် မပြန့်ပွားအောင် မည်သို့ လုပ်ကိုင်သင့်သည် စသည့်အချက်များ ဗိုလ်ချုပ်မှူးကြီး သန်းရွှေထံ တိုက်ရိုက်တင်ပြရမှာ ဖြစ်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။
မကြာခင်ရက်ပိုင်းအတွင်း ၀န်ကြီး ဦးအောင်သောင်း ရခိုင်ပြည်နယ်သို့ ရိုဟင်ဂျာ ကိစ္စအတွက် ထပ်မံသွားရောက်ဦးမှာ ဖြစ်သည်ဟု ၄င်း၏ လက်ထောက်အရာရှိ တဦးက ပြောသည်။ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများနှင့် ပတ်သက်သည့် အထောက်အထားများ အပြီးသတ် စုဆောင်းပြီးချိန်တွင် နိုင်ငံတော်လုံခြုံရေး အစည်းဝေးသို့ ဦးအောင်သောင်းက ပြန်လည်တင်ပြမှာ ဖြစ်သည်ဟု စုံစမ်းသိရသည်။
Rest of your post